စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နှင့်ဆားလင်းကြီးမြို့နယ်တို့ပူးပေါင်းသပိတ်ဟာ မတ်လ ၂၇ ရက်နေ့က အာဇာနည် ၁ ဦးကျဆုံးခဲ့ရပေမယ့် မတ်လ ၂၈ ရက်နေ့မှာ ဆက်လက်ပြီးတော့ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတာပါ။
ဒီကနေ့ဆန္ဒပြပွဲမှာတော့ မတ်လ ၂၇ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီရဲ့ အပေါင်းပါအဖွဲ့က သေနတ်နဲ့ပစ်သတ်ခံရတဲ့ ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာအုပ်စု ရွာသာကျေးရွာက အသက်(၃၀)နှစ်အရွယ် ကိုချမ်းမြေ့ကျော်အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးမှာ ကျဆုံးခဲ့ရတဲ့ ဒီမိုကရေစီအာဇာနည်သူရဲကောင်းများကို ရည်ဇူးပြီး ဂုဏ်ပြုအလေးပြုခြင်းတွေကိုပါ ပြုလုပ်ခဲ့ကြတာပါ။
ပူးပေါင်းသပိတ်ဟာ ဒီမိုကရေစီတောင်းဆိုရင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေနဲ့အတူ စစ်အာဏာရှင်ကျဆုံးသည့်တိုင်အောင် ချီတက်ကြမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့အပေါင်းပါအဖွဲ့က လူသေဆုံးအောင်ထိ အကြမ်းဖက်ဖြိုခွင်းမှုတွေရှိနေတဲ့ကြားမှာ စစ်အာဏာရှင်ကန့်ကွက်ပွဲတွေဟာ နိုင်ငံအနှံ့မှာ ပုံစံအမျိုးမျိုးနဲ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။