စဉ့်ကိုင်မြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်မှုကြောင့် ၁ ဦး ကျဆုံး
DVB
·
March 27, 2021
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်မှာ မတ်လ ၂၇ ရက်နေ့မနက်က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဆန္ဒပြပွဲကြို အကြမ်းဖက် စစ်အုပ်စုကပစ်ခတ်မှုကြောင့် ၁ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ဆန္ဒပြပွဲကို အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် မုန်ပင်ကျေးရွာက ကိုဝေမောင် (၂၄) နှစ် ဝမ်းဗိုက်မှာ ကျည်ထိမှန် ကျဆုံးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။