ကျိုက်ထိုတွင် အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်မှုကြောင့် ၁ ဦးကျဆုံး၊ ၈ ဦး ဒဏ်ရာရ
DVB
·
March 27, 2021
မွန်ပြည်နယ် ကျိုက်ထိုမြို့က သပိတ်စစ်ကြောင်းကို အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။
သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရတဲ့အတွက်ကြောင့် ကနဦး ပြည်သူ ၁ ဦး သေနတ် ဦးခေါင်းထိမှန် သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိထားဝာယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ သပိတ်စစ်ကြောင်းကို ရော်ဘာကျည် အပါအဝင် ကျဉ်အစစ်တွေ သုံးပြီး ပစ်ခတ်ဖြိုခွင်းခဲ့တာလို့ ဆိုပါတယ်။
ကျိုက်ထိုပစ်ခတ်မှုရဲ့ နောက်ဆက်တွဲ ဖြစ်စဉ်ကို DVB က ဆက်လက်စုံစမ်းနေပါတယ်။