ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက်၊ သလပ်ခွာလမ်းမှာ မတ် ၂၆ ရက် ညပိုင်းက ရဲနဲ့ ပြည်သူ ထိပ်တိုက်တွေ့ခဲ့ပြီး ပြည်သူတွေဘက်က လေးခွတွေနဲ့ ဝိုင်းပစ်လို့ သေနတ်ဖောက်ပြီး ရဲတွေထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ဆန္ဒပြနေတဲ့ ပြည်သူ့တွေကို ဖြိုခွင်းဖို့လာတဲ့ ရဲအင်အား ၅၀ ကျော်လောက်ဟာ မင်းကျောင်းဘုန်းကြီးကျောင်းအနားမှာ ပြည်သူနဲ့ထိပ်တိုက်တွေ့ခဲ့တာဖြစ်ပါတယ်။
ဒေသခံ တစ်ဦးက " သူတို့က ညသပိတ်ကို ဖြိုခွင်းဖို့လာတာ ထိပ်တိုက်တွေ့တော့ သူတို့ဘက်က အင်အားနည်းတယ်။ ဒီဘက်ကလည်း မပြေးဘဲနဲ့ လေးခွနဲ့ပြန်ပစ်တော့ သေနတ်ဖောက်ပြီး ပြန်ဆုတ်သွားတာ''လို့ ပြောပါတယ်။
ပြည်သူတွေဘက်က လေးခွတွေနဲ့ ပြန်ခုခံခဲ့လို့ ညသပိတ်ဖြိုခွင်းဖို့လာတဲ့ ရဲတွေဟာ သေနတ် ၁ ချက်ဖောက်ပြီး နောက်ကိုဆုတ်သွားတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတာများတဲ့ရပ်ကွက်တွေကို အကြမ်းဖက်စစ်အုပ်စုက နေ့ရော ညပါ နေအိမ် တွေကို ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - CJ