စစ်ကိုင်းမြို့၌ ဆရာတော်သံဃာတော်များနှင့် ကျောင်းသားပြည်သူများပူးပေါင်း ဆန္ဒပြ
DVB
·
March 26, 2021
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့မှာ မတ်၂၆ မနက်က ဆရာတော် သံဃာတော်တွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ ပြည်သူလူထု စုစုပေါင်း ၂၀၀ ကျော်ခန့်က စစ်အာဏာရှင် ကျဆုံးရေး ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး စီတန်းလှည့်လည်ခဲ့ ပါတယ်။
စစ်အဏာရှင်ကျဆုံးရေးဆန္ဒထုတ်ဖေါ်သူတွေဟာ ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်ဘုရားမှာ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူတွေအတွက် ၁မိနစ် ငြိမ်သက်ဆုတောင်းခဲ့ကာ စစ်အာဏာရှင်တွေကို ကျိန်စာ တိုက်ခဲ့ကြပါတယ်။