NLD အစိုးရလက်ထက် ဝယ်ယူထားခဲ့တဲ့ နိုင်ငံတော်အတွက် သိုလှောင်ထားတဲ့ အရန် စားအုန်းဆီတွေကို စစ်ကောင်စီက ထုတ်ရောင်းဖို့ လုပ်ဆောင်နေတယ်လို့ ဆီလုပ်ငန်းရှင်တွေထံက သိရပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှု ဦးစီးဌာနတွေက ဒေသအလိုက် တာဝန်ယူ ရောင်းချမှာ ဖြစ်ပြီး မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း အပါအဝင် အခြားတိုင်းနဲ့ ပြည်နယ်တွေက အရန်ဆီတွေကိုလည်း ရောင်းချနိုင်တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းမှာတော့ စားအုံးဆီ အချိန် ၁၀ ပိဿာပုံး ကိုးသောင်းကျော်ရှိကြောင်းနဲ့ အဆိုပါဆီတွေကို ခရိုင်မြို့ကြီးတွေမှာပါ နေရာခွဲထားရှိထားတယ်လို့လည်း ဆက်လက် သိရပါတယ်။