မွန်ပြည်နယ်၊ မော်လမြိုင်မှာ လက်နက်အားကိုးနဲ့ အကြမ်းဖက် တိုက်ခိုက်လာတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ပြည်သူတွေက အတားအဆီးတွေ ပြုလုပ်ပြီး ပြန်လည် ခုခံနေရပါတယ်။
မော်လမြိုင်မြို့မှာ လက်နက်ကိုင် အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသား၊ ပြည်သူ သပိတ်စစ်ကြောင်းကို မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။
အဲလို ပစ်ခတ်ဖြိုခွင်းပြီးနောက်မှာတော့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဟာ မြို့ပေါ်ရပ်ကွက် အများစုမှာ တပ်စွဲပြီး ပစ်ခတ်တာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။
ဒါကြောင့် ဒေသခံပြည်သူတွေက လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ လာရာလမ်းတွေကို ပိတ်ဆို့တားဆီးတာ၊ မီးပန်း ပစ်ဖောက်ပြီး ပြန်လည် ခုခံနေရပါတယ်။