မွန်ပြည်နယ် မော်လမြိုင်က ကျောင်းသား၊ ပြည်သူပါဝင်တဲ့ ပူးပေါင်း သပိတ် စစ်ကြောင်းကို အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။
အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ အင်အား ရာချီပါတဲ့ ကျောင်းသား၊ ပြည်သူ သပိတ်စစ်ကြောင်းကို မော်လမြိုင် လမုတန်းဈေးအနီးမှာ ပစ်ခတ်ဖြိုခွင်းခဲ့တာပါ။
ပူးပေါင်း သပိတ်စစ်ကြောင်း ဖြိုခွင်းရာမှာ အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ အသံဗုံး၊ ရာဘာကျည်တွေအပြင် ကျည်အစစ်တွေသုံးပြီး ပစ်ခတ်ခဲ့တယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံရသူ အများအပြား ရှိနေတဲ့အပြင် အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လမုတန်းဈေးမှာ ပိတ်ဆို့ပြီး ဆန္ဒပြပြည်သူတွေကို ဖမ်းဆီးတာတွေ ဆက်လုပ်နေပါတယ်။ ဖမ်းဆီးခံရသူ အရေအတွက်နဲ့ ဒဏ်ရာ ရသူ ရှိ မရှိကို ဒီဗွီဘီ က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။