ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်ကြား အာဏာသိမ်းစစ်အုပ်စုရဲ့ တပ်စခန်း ၃ ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ကြောင်း ကေအိုင်အေဘက်က အတည်ပြုပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) အနေနဲ့ မတ်လ ၂၄ ရက်နဲ့ ၂၅ ရက်နေ့အတွင်း တပ်စခန်း ၃ ခုကို တစ်ပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်တယ်လို့ ကေအိုင်အေ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
"သိမ်းပိုက်ထားတဲ့ အမလ တပ်စခန်းတွေက အလောတောင်စစ်စခန်း၊ မိုင်ဘော်စစ်စခန်း၊ ရှန်ထုံးစစ်စခန်း (၃)ခုကို ကေအိုင်အေမှ တိုက်ခိုက်သိမ်းပိုင်နိုင်လိုက်ပြီး လက်နက်ကြီးငယ် အမြောက်အများနဲ့ အတူ စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိထားတယ်"။
အဆိုပါတိုက်ပွဲ အတွင်း နှစ်ဘက် အထိအခိုက် အကျအဆုံးစာရင်းကိုတော့ အတည်ပြုလို့မရသေးပါဘူး။