ဟုမ္မလင်းမြို့၌ ဘွိုင်လာအိုးပေါက်ကွဲပြီး လူ၂ ဦး သေဆုံး၊ ၆ ဦးဒဏ်ရာရ
DVB
·
March 24, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ညောင်ပင်သာကျေးရွာမှာ မတ်လ ၂၄ ရက် ဒီနေ့မနက်၉ နာရီလောက်က ဘွိုင်လာအိုး ပေါက်ကွဲလို့ အမျိုးသား ၂ ဦးသေဆုံးသွားပါတယ်။
သေဆုံးသူနှစ်ဦးအနက် အမျိုးသားတစ်ဦးက ရင်ဘတ်နဲ့ ဗိုက်မှာ ထိမှန် ခဲ့ကာ ကျန်တစ်ဦးမှာ ဦးခေါင်းထိမှန် သေဆုံးကြောင်း ညောင်ပင်သာကျေးရွာဒေသခံ ကိုအောင်မင်း ကပြောတယ်။
ဒဏ်ရာ ရသူ ၆ ဦးရှိပြီး ဒီအထဲက ၂ ဦးကတော့ ပြင်းထန်ဒဏ်ရာရရှိထားကာ တပ်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။