Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းမီးလောင် ၁၅ ဦးသေဆုံး
DVB
·
March 24, 2021

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုမှာ မီးအကြီးအကျယ်လောင်လို့  ၁၅ ယောက် သေဆုံးပြီး အယောက် ၄၀၀ ထက်မနည်း ပျောက်ဆုံးနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီက မတ်လ ၂၃ ရက်မှာ ပြောပါတယ်။ 

ကော့ဘဇားမြို့ အရှေ့တောင်ပိုင်း ဘာလူခါလီဒုက္ခသည်စခန်းမှာ မတ်လ ၂၂ ရက် နှောင်းပိုင်း က မီးလောင်ခဲ့ပြီး တဲစုထောင်ပေါင်းများစွာ မီးကျွမ်းခဲ့ပါတယ်။ 

မီးလောင်မှုအတွင်း လူ အယောက် ၅၅၀ ကျော် ဒဏ်ရာရပြီး လူပေါင်း ၄၅, ၀၀၀ လောက်  နေစရာ ပျောက်ခဲ့တယ်လို့  UNHCR တာဝန်ရှိသူက ဆိုပါတယ်။ 

လူပေါင်း ၁၂၄,၀၀၀ လောက် နေထိုင်တဲ့ စခန်းရဲ့ နေရာ လေးခုကို မီးဟာ ကူးစက်ပျံ့နှံ့ခဲ့တာပါ။ ဒါဟာ ကော့ဘဇားဒုက္ခသည်အရေအတွက်ရဲ့ ဆယ်ပုံတစ်ပုံ ရှိတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024