မွန်ပြည်နယ် ရေးမြို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံထားရတဲ့သူတွေနဲ့ တွေ့ခွင့်မရတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
မတ် ၂၂ ရက်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်တွေက မိန်းကလေးငယ် ၁၀ ဦး အပါအဝင် စုစုပေါင်း ၁၇ ဦးအထိ ဖမ်းဆီးသွားပြီး မိသားစုဝင်တွေက ကျိုက်မရော အကျဉ်းထောင်အထိ သွားရောက် တွေ့ခွင့်တောင်းဆိုခဲ့ပေမယ့် တွေ့ခွင့် မရကြဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။
ရေးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို နေ့စဉ်နဲ့အမျှ အကြမ်းဖက် စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်မတွေ့အောင် ဆန္ဒပြလာတာ ရက်ပေါင်း ၄၃ ရက်ရှိပြီး ဖမ်းဆီးထားခံရသူပေါင်း ၂၀ လောက်ရှိပြီလို့ သိရပါတယ်။