စစ်ကိုင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက် ဆန္ဒထုတ်ဖော်
DVB
·
March 23, 2021
အာဏာသိမ်းစစ်ကောင်စီက တားဆီးပိတ်ပတ် အကြမ်းဖက်ဖြိုခွင်းမှုတွေ ရှိနေတဲ့အကြားက မတ် ၂၃ ရက် မနက်ပိုင်းက စစ်ကိုင်းမြို့မှာ ရဟန်းရှင်လူ ကျောင်းသား ပြည်သူစုပေါင်းပြီး ငါးထပ်ကြီးဘုရားမှ ဘော်ဂါကျောက်ဝိုင်းအထိ သပိတ်စစ်ကြောင်းတွေ ချီတက်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
စစ်ကိုင်းမြို့နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာအသီးသီးမှာလည်း ပြောက်ကျားသပိတ်များ ဆင်နွှဲနေကြပါတယ်။ ဒီမနက်အစောပိုင်းကလည်း ကျောင်းသားလူငယ်တွေက စစ်ကိုင်းတောင်တက် လမ်းတစ်လျှောက်လူမဲ့သပိတ်ပြုလုပ်ခဲ့ကြပါတယ်။