မန္တးလေးတိုင်းဒေသကြီး မိုးကုတ်မြို့မရဲစခန်းက ဒုရဲအုပ်တစ်ဦး ပြည်သူတွေနဲ့အတူ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။
အဲဒီဒုရဲအုပ်နေဇော်ဟာ မိုးကုတ်မြို့က သပိတ်စစ်ကြောင်းဖြိုခွင်းမှုဖြစ်စဥ်တွေမှာ ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို မရိုက်နှက်ဖို့ တားဆီးတာတွေကို ပြည်သူချို့က မျက်မြင်တွေ့ရတယ်လို့ဆိုပါတယ်။
မတ် ၁၉ ရက်နေ့ကစတင်ကာ CDM မှာ ပူးပေါင်းပါဝင်လာတာဖြစ်ပြီး မည်သူတဦးတယောက်ရဲ့ ဖိအားပေးခြိမ်းခြောက် တိုက်တွန်းချက်မပါဘဲ မိမိဆန္ဒအလျောက် ဖြစ်ပြီး ပြည်သူတင်မြှောက်တဲ့အစိုးရ အာဏာပြန်ရမှ မူလတာဝန်တွေကို ပြန်ထမ်းဆောင်မယ်လို့ ဒုရဲအုပ်က ဝန်ခံကတိပြုထားပါတယ်။
မိုးကုတ်မြို့မှာ ရဲဝန်ထမ်း စုစုပေါင်း ၁၈ ဦးထိ CDM မှာပါဝင်လာကြပြီး ပြည်သူတွေဟာလည်း စစ်အာဏာရှင်စနစ်ကို ရပ်ကွက်အလိုက် ဆက်လက် ဆန္ဒပြနေကြပါတယ်။