အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ် မပြုတဲ့အပြင် မြန်မာစစ်တပ်ကို ငွေကြေးစီးဆင်းမှု ဖြစ်စေတဲ့ လုပ်ရပ်အားလုံးကို ရပ်တန့်ရမယ်လို့ ပြင်သစ်အစိုးရက ကြေညာလိုက်ပါတယ်။
ပြင်သစ် အထက်လွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး မေးခွန်းတခုအပေါ် ပြင်သစ်နိုင်ငံခြားကုန်သွယ်ရေးနှင့်ဆွဲဆောင်မှုဝန်ကြီးရဲ့ ဖြေကြားချက်ကို မြန်မာအခြေစိုက် ပြင်သစ်သံရုံးကနေ မတ်လတ် ၂၂ ရက် ဒီနေ့ထုတ်ပြန်လိုက်တာပါ။
ဒီထုတ်ပြန်ချက်ထဲမှာ စစ်အာဏာသိမ်းမှု ပြုလုပ်သူတွေအပြင် ပါဝင်ကူညီသူတွေကိုပါ ပစ်မှတ်ထား ပိတ်ဆို့မှုတွေကို နိုင်ငံခြားရေးရာကောင်စီကနေ မတ်လ ၂၂ ရက်နေ့မှာ ကြေညာသွားဖို့ ရှိနေပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်တွေအပေါ် စီးပွားရေးပိတ်ဆို့မှုတွေလည်း တိုးချဲ့ပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။