မှောင်ခိုဖမ်းဆီးမှု အရှိန်မြှင့်ဆောင်ရွက်သွားမည်
DVB
·
October 23, 2013
အခု ဘဏ္ဍာရေးနှစ်အတွင်း ကုန်သွယ်ရေးပမာဏ တိုးတက်လာတာကြောင့် မိုဘိုင်းတင်းမ်တွေနဲ့ အကောက်ခွန်မဲ့ မှောင်ခိုတင်သွင်းလာတာကို ဖမ်းဆီးစစ်ဆေးတာတွေ အရှိန်မြှင့်ပြီး ဆက်လုပ်သွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့က ၀န်ကြီးရုံး အစည်းအဝေးခန်းမမှာ လုပ်တဲ့ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
လက်ရှိ အဆင့် ၂၊ အပိုင်း ၂နဲ့ ၃ အဖြစ် အောက်တိုဘာလကုန်မှာ ရန်ကုန်တိုင်း အ၀င်အထွက်ပေါက်တွေနဲ့ အပြည်အပြည်ဆိုင်ရာဆိပ်ကမ်းတွေကို စစ်ဆေးဖမ်းဆီးသွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် လာမယ့် ဒီဇင်ဘာလကျရင် ရန်ကုန်လေဆိပ်မှာ Air-Cargo ကုန်ပစ္စည်း စစ်ဆေးတဲ့ နေရာတင်မက ခရီးဆောင်အိတ် စစ်ဆေးတဲ့နေရာမှာရော၊ ခရီးသည်တွေ သယ်ဆောင်လာတဲ့ လက်ဆွဲအိတ်တွေကိုပါ စစ်ဆေးသွားမယ် ၀န်ကြီးက ရှင်းပြပါတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ မိုဘိုင်းမ်တင်းမ်တွေ ဖွဲ့ပြီး မှောင်ခိုဖမ်းဆီးမှုတွေ ပြုလုပ်နေတာ ၁ နှစ် ၀န်းကျင် ရှိနေပါပြီ။