ဆီဒိုးနား Phase 2 တည်ဆောက်

1.6K
ကမ္ဘာလှည့်ခရီးသည်တွေ ၀င်ရောက်မှု များလာတဲ့အတွက် သီးသန့်မြေနေရာ ရှားပါးလာမှုတွေကြောင့် ဟိုတယ်ကြီးတွေဟာ သူတို့ပိုင် မြေနေရာတွေပေါ်မှာ နောက်ထပ် အဆောက်အဦသစ်တွေ ထပ်မံတည်ဆောက်နေပါတယ်။
ဆီဒိုးနားဟိုတယ်ကလည်း ၂၉ ထပ်မြင့်ပြီး အခန်းပေါင်း ၄၂၀ ပါမယ့် ဆီဒိုးနား Phase 2 တည်ဆောက်ဖို့ အောက်တိုဘာ ၂၂ ရက်နေ့က ပန္နက်တင် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
ကြယ် ၅ ပွင့်အဆင့်ရှိတဲ့ ဒီ ဆက်စပ်ဟိုတယ်ကို ၂၀၁၅ ခုနှစ်မကုန်ခင် အပြီးတည်ဆောက် ဖွင့်လှစ်သွားမယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် မစ္စတာ အွန်းဝီဂီး (Mr.Ang Wee Gee)က အခမ်းအနားမှာ ပြောပါတယ်။
လက်ရှိ ရန်ကုန်မှာ ကုန်သည်ကြီးများဟိုတယ်နဲ့ ဂရင်းမီးရထား ဟိုတယ်တွေဟာလည်း သူတို့ပိုင်ဝင်းထဲမှာ အထပ်မြင့်ဟိုတယ် အဆောက်အအုံကြီးတွေ ထပ်ဆောက်နေပါတယ်။
ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနကတော့ လာမယ့် ၂၀၁၅ ဆိုရင် မြန်မာနိုင်ငံကို နိုင်ငံခြားသား ဧည့်သည် ၃ သန်းလောက် လာရောက်လည်ပတ်မယ်လို့ ခန့်မှန်းထားပါတယ်။