မတ်လ ၂၂ ရက် မနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာမှာ စစ်အာဏာရှင်တော်လှန်ရေး ဘားအံသပိတ်စစ်ကြောင်းဟာ ကြွေးကြော်သံတွေနဲ့ အတူ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။
"စစ်အာဏာရှင်စနစ်ကို အမြစ်ပြုတ်တဲ့အထိ တော်လှန်သွားမယ်။ ကျနော်တို့က ဖိလေ ကြွလေပဲ။ စစ်အာဏာရှင်ကို ကြောက်နေရင် လမ်းပေါ်တောင်မထွက်ဘူး။ မတရားအာဏာသိမ်းတဲ့ စစ်အာဏာရှင် မကျဆုံးသရွေ့ တော်လှန်သွားမယ်" လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ G-Z လူငယ်တစ်ဦးက ပြောပါတယ်။
ဆန္ဒပြပွဲကို စစ်ကောင်စီရဲ့ တပ်နဲ့ရဲတွေ လိုက်လံဖမ်းဆီးနေတဲ့ကြားက CDM မှာပါဝင်တဲ့ ဝန်ထမ်းတွေ၊ G - Z လူငယ်တွေ၊ စစ်အာဏာရှင်စနစ်ကို မလိုလားတဲ့ သူတွေနဲ့ ဒေသခံ တိုင်းရင်းသားတွေက ကြွေးကြော်သံတွေနဲ့အတူ ငြိမ်းချမ်းစွာ စီးတန်းလှည်လည် ဆန္ဒပြခဲ့တာပါ။