Homeမြန်မာသတင်း
ရေးမြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြသူများကို ရဲက ပစ်ခတ်ဖြိုခွင်း၊ ပြည်သူ ၁၀ ဦးခန့် ဖမ်းဆီးခံရ
ရေးမြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြသူများကို ရဲက ပစ်ခတ်ဖြိုခွင်း၊ ပြည်သူ ၁၀ ဦးခန့် ဖမ်းဆီးခံရ
DVB
·
March 22, 2021
မွန်ပြည်နယ်၊ ရေးမြို့မှာ မတ် ၂၂ ရက် မနက်က ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ်တွေက အင်အားသုံး ပစ်ခတ်ဖြိုခွင်းပီဲး ဆန္ဒပြပြည်သူတွေကို လိုက်လံဖမ်းဆီးသွားခဲ့ပါတယ်။ဆန္ဒပြတဲ့သူတွေဟာ သပိတ်စစ်ကြောင်းသွားနေစဉ် ရဲတပ်ဖွဲ့ဝင်တွေက သေနတ် ၅ ချက်ပစ်ဖျောက်ကာ ဆန္ဒပြကြတဲ့သူတွေကို ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြပိတ်မိနေတဲ့ သူတွေထဲမှ မိန်းကလေးငယ် ၁ဝ ဦးထက်မနည်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။