Home
သတင်းတို
အေးခဲ အမဲသား ပိဿာ ၁ သိန်းကျော် ဖမ်းဆီးရမိ
DVB
·
October 22, 2013
အခုနှစ် နှစ်စကနေ စက်တင်ဘာအထိ နယ်စပ်ကို တရားမ၀င် တင်ပို့ဖို့ ကြိုးစားတဲ့ အေးခဲ အမဲသား ပိဿာ  ၁ သိန်း ၃ သောင်းကျော်နဲ့ ကျွဲနွားကောင်ရေ ၄ ထောင်ကျော် ဖမ်းဆီး ရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။ အောက်တိုဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတင်မောင်က ကျွဲ၊ နွားနဲ့ အသားတွေ နယ်စပ်ကနေ တရားမ၀င် တင်ပို့နေတာကြောင့် လယ်ယာလုပ်ငန်းသုံး ကျွဲနွား ရှားပါးလာတဲ့အပြင် ပြည်တွင်း အမဲသားဈေးနှုန်းတွေလည်း မြင့်တက်လာနေတာကြောင့် အဲဒါကို ဘယ်လို အရေးယူဆောင်ရွက်နေသလဲ မေးခွန်းထုတ်တာကို  ပြည်ထောင်စုဒုဝန်ကြီးက ဖြေခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်ကို ကျွဲ၊ နွား တရားမ၀င်ပို့တဲ့ အမှုနဲ့ ပတ်သက်လို့ လူ ၁ ထောင်ကျော်ကို အရေးယူထားပြီး လက်ရှိ အကောက်ခွန်ဥပဒေနဲ့ပဲ အရေးယူနေပေမယ့် နောက်ပိုင်း ပို့ကုန်သွင်းကုန် ဥပဒေ နဲ့ပါ ထိထိရောက်ရောက် အရေးယူမယ်လို့ သူက ရှင်းပြပါတယ်။ ပြည်ထောင်စုဒုဝန်ကြီးက ကျွဲနွားကောင်ရေ ၄ ထောင်ကျော် ဖမ်းဆီးမိတယ်လို့ ပြောပေမယ့် တကယ် ကုန်ကူးပြီး နယ်စပ်ကနေ ရောင်းနေတဲ့ ပမာဏဟာ နှစ်စဉ် သောင်းဂဏန်း မက ရှိနိုင်တယ်လို့ မန္တလေးမြို့ခံ ကုန်သည် ဦးမောင်မောင်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024