ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ် ပူးပေါင်းဆန္ဒပြ
DVB
·
March 20, 2021
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့မနက် ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြလူငယ် မိန်းကလေးတစ်ဦးက “ရှင်လျက်နဲ့ဘဝတွေသေရမယ့်အစား ဒီမိုကရေစီတိုက်ပွဲဝင်ရင်းနဲ့သေရတာ တန်ဖိုးရှိလို့ ပြည်သူအားလုံးတိုက်ပွဲဝင်ပေးကြ”ဖို့ တိုက်တွန်းပါတယ်။
အင်အား ၃ ခုဖြစ်တဲ့ ပြည်သူ၊ CDM ဝန်ထမ်းနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ရဲ့အားနဲ့ တွန်းလှန်တိုက်ပါက စစ်အာဏာရှင်စနစ် ပျောက်ကွယ်သွားရမယ်လို့ ဆန္ဒပြလူငယ်တစ်ဦးကလည်း ဆိုပါတယ်။