မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နိုင်တယ်လို့ CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာက ဂျပန်အခြေစိုက် NHK နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံ ဒေသတချို့မှာ စစ်အုပ်ချုပ်ရေးဥပဒေကိုပြဋ္ဌာန်းကာ အာဏာသိမ်းစစ်အုပ်စုက ဆန္ဒပြသူတွေအပေါ် ပိုမိုပြင်းထန်စွာ ပစ်ခတ်နှိမ်နင်းသတ်ဖြတ်လာတဲ့အတွက် အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တဲ့ အင်အားစုတွေက ဆန့်ကျင်ကာကွယ်ရင်း ပြည်တွင်းစစ် အကျပ်အတည်း ဖြစ်လာနိုင်တာကြောင့် ဂျပန်အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက အာဏာသိမ်းစစ်အုပ်စုကို ပိုမို ဖိအားပေးဖို့ လိုအပ်ကြောင်းလည်း ဒေါက်တာဆာဆာက တိုက်တွန်းပြောဆိုထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ တရားမဝင်အာဏာသိမ်းစစ်အုပ်စုကို ဘုံရန်သူအဖြစ် သတ်မှတ်တဲ့အတွက် အားလုံးတစုတစည်း တည်း ပေါင်းစည်းသွားနိုင်တယ်လို့ အင်တာဗျူးမှာ ဖြေကြားသွားပါတယ်။