ကေအန်ပီပီနှင့် အစိုးရ ဆွေးနွေး

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ တတိယအကြိမ် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီနေ့ မနက် ၁၀ နာရီက စတင်ကျင်းပနေပါတယ်။ ဒီနေ့မနက်ပိုင်း ဆွေးနွေးပွဲ ခေတ္တနားချိန် မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူ ဦးလှမောင်ရွှေကို မေးမြန်းရာမှာ အချက် ၇ ချက်ကို ဆွေးနွေးကြမယ်လို့ ပြောပါတယ်။ “အဓိက ကေအန်ပီပီဘက်က တင်ထားတဲ့ ခေါင်းစဉ် ၄ ခုရှိတယ်။ ကျနော်တို့ဘက်က တင်ထားတဲ့ ခေါင်းစဉ် ၃ ခု ရှိတယ်။ အဲဒီ ၇ ခုကို ဆွေးနွေးကြမှာပါ။” ဆွေးနွေးမယ့် အချက်တွေကတော့ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး၊ ရွာပုန်းရွာရှောင် ဒုက္ခသည် (အိုင်ဒီပီ) ကိစ္စ၊ တပ်နေရာချထားရေး၊ ဒေသဖွံ့ဖြိုးရေး စတာတွေအပါအ၀င် အချက် ၇ ချက်ကို ဆွေးနွေးကြမယ်လို့ ပြောပါတယ်။ ဒီနေ့မနက် ဆွေးနွေးပွဲမှာ နှစ်ဖက် ပူးပေါင်းစောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ဝင် ၁၀ ဦးရဲ့ အမည်စာရင်းကို အတည်ပြုနိုင်ခဲ့တယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။ အစိုးရနဲ့  ကေအန်ပီပီအကြား ဆယ်စုနှစ်အတန်ကြာ တိုက်ပွဲဖြစ်နေရာက ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်နေ့ ပြည်နယ်အဆင့် တွေ့ဆုံပွဲမှာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြပြီး ဇွန် ၉ ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံပွဲမှာ ကေအန်ပီပီဘက်က တင်ပြထားတဲ့ အချက် ၂၀ ထဲက ၁၄ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဆက်လက်ဖော်ပြပါမည်။

More News
Up