စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ မတ်လ ၁၉ ရက်နေ့က ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ ဆားလင်းကြီးမြို့နယ်က ပြည်သူအချို့ လာရောက်ပူးပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ကိုယ့်အခွင့်အရေးအပြည့်အဝရရှိဖို့ အကြောက်တရားကင်းစွာ စစ်အာဏာရှင်ကို ရတဲ့နည်းလမ်းနဲ့တော်လှန်ကြဖို့ တိုက်တွန်းကြောင်း ဆန္ဒပြလူငယ်တစ်ဦးက ပြောပါတယ်။
ဆန္ဒပြပွဲကို လာရောက်ဝန်းရံတဲ့ တိုင်းဒေသကြီး ၂ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အောင်မေရီက ပြည်သူတွေအားလုံး ညီကြဖို့နဲ့ ပြည်သူ့စစ်အမြန်ဆုံးဖြစ်လာဖို့လိုကြောင်း၊ ဒလန်တွေရှိရင်လည်း ပထွေးကို အဖေမခေါ်ကြဘဲ ပြည်သူနဲ့အတူ ပူးပေါင်းချင်ပူးပေါင်းပါဝင်ပေးနိုင်သလို မပါဝင်ရဲရင်လည်း အသာနေပါလို့ ပြောပါတယ်။
ယင်းမာပင်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပွဲတွေကို နေ့စဥ် ပုံစံအမျိုးမျိုးနဲ့ ကျင်းပနေကြပါတယ်။