မိုးကုတ်မြို့မှာ အကြမ်းဖက်ရဲနဲ့စစ်တပ်က ဖမ်းဆီးထားတဲ့ ရေပူဆရာတော်ကို လူဝတ်လဲအကျဥ်းချပြီးနောက် ပုဒ်မ ၁၁၃ အမှုတခု ထပ်တိုးလိုက်တယ်လို့ ဆရာတော့်တပည့်တစ်ပါးက ပြောပါတယ်။
မတ်လ ၁၁ ရက်နေ့ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ သပိတ်ကို အကြမ်းဖက် ရဲနဲ့စစ်တပ်က အင်အားသုံးဖြိုခွင်းခဲ့ပြီး ရေပူဆရာတော်ကို အချုပ်ထောင်မှာ လူဝတ်လဲ ဖမ်းဆီးထားတာပါ။
ရေပူဆရာတော်ကို မိုးကုတ်မြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေ စလုပ်ကတည်းက ပုဒ်မ ၅၀၅ ခနဲ့ ဝရမ်းထုတ်ထားပြီး ဖမ်းဆီးခဲ့ပြီးနောက် အမှုတခု ထပ်တိုးလိုက်တာလည်း ဖြစ်ပါတယ်။
ဆရာတော်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူတွေကို ဖက်ပစ်ခတ်ဖြိုခွင်းတာတွေ မလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ရဲကို မေတ္တာရပ်ခံခဲ့တာလည်း ဖြစ်ပါတယ်။