တောင်တွင်းကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်သာ မတ်လ ၁၇ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
"ကျနော်နဲ့ ကော်မရှင်အတွင်းရေးမှူးကို တောင်တွင်းကြီးမြို့ အမှန် ၇ စစ်အခြေခံလေ့ကျင့်ရေးတပ်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က စတင်ထိန်းသိမ်းထားပြီး မတ်လ ၇ ရက်နေ့က ကျနော့်ကိုပြန်လွှတ်ပေးလိုက်တာဆိုတော့ ၃၅ ရက်ကြာတာပေါ့။ သူတို့ဆီမှာနေရထိုင်ရတာ စားရတော့ အဆင်ပြေပါတယ်။ မတ်လ ၁၇ ရက် နေ့မနက်က ကျနော် တို့ကို မကွေးခရိုင် ကော်မရှင်ရုံးကိုခေါ်သွားပြီးတော့ တောင်တွင်းကြီးမြို့နယ်က ပြည်သူ့လွှတ်တော်မဲစာရင်းအိတ်တွေကို ဖွင့်စစ်တယ်။ ပြီးတော့ ကျနော့်ရှေ့မှာစစ်တယ်ဆိုတာကို လက်မှတ်ထိုးပေးခဲ့ရတယ်။ ကော်မရှင်အတွင်းရေးမှူးကတော့ စာရင်းလုပ်ဖို့နေခဲ့ပြီး ကျနော့်ကို အိမ်ပြန်ပို့တယ်" လို့ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်သက DVB ကို ပြောပါတယ်။
တောင်တွင်းကြီးမြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်သာဟာ တောင်တွင်းကြီးမြို့နယ်မှာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတို့မှာ တောင်တွင်းကြီးမြို့နယ်ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တာပါ။