စစ်ကောင်စီက လုပ်ဆောင်တဲ့ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်သင်တန်းကို ချမ်းအေးသာစံ မြို့နယ်ကနေ CDM စာရင်းပေးထားတဲ့ အထက်တန်းနဲ့ အလယ်တန်း ကျောင်းအုပ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ချမ်းအေးသာစံ မြို့နယ်မှာ အထက်တန်းကျောင်းအုပ် ၁၀ဦး၊အလယ်တန်း ကျောင်းအုပ် ၅ ဦးနဲ့ အထက်တန်း ကျောင်းခွဲ ကျောင်းအုပ် ၁ ဦးရှိတယ်လို့ သိရပါတယ်။
အလယ်တန်းကျောင်းအုပ် ဆရာမကြီး တစ်ဦးသာ သင်တန်းမတက်ရောက်ပဲ အလုပ်က ထွက်စာပါ တင်ထားပေမယ့် ကျန် အထက်တန်းအလယ်တန်း ကျောင်းအုပ်တွေ အားလုံးဟာ မြို့နယ်ပညာရေးမှူးအပါအဝင် ဒုတိယမြို့နယ်ပညာရေးမှူး ၂ ဦးရဲ့ ဦးဆောင်မှုနဲ့ တိတ်တဆိတ် သင်တန်းတက်ရောက်နေ ကြတယ်လို့ သိရပါတယ်။
အဆိုပါ ၃ ရက်တာ သင်တန်းကိုတော့ ချမ်းအေးသာစံမြို့နယ် အထက ၁၅ မှာ မတ်လ ၁၇ ရက်နေ့ကနေ စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ချမ်းအေးသာစံမြို့နယ် ပညာရေးမှူးရုံးမှာ CDM လုပ်ဆောင်တဲ့ ပညာရေးဝန်ထမ်းတွေကို CDM မလုပ်တဲ့ ဝန်ထမ်းတွေက အတင်းအကြပ် ဖိအားပေးပြီး ရုံးပြန်တက်ခိုင်းနေတယ်လို့လည်း သိရပါတယ်။
ချမ်းအေးသာစံမြို့နယ်နဲ့ ကပ်လျက်မှာရှိတဲ့ မဟာအောင်မြေမြို့နယ်မှာတော့ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်သင်တန်းတက်ရောက်သူ နှစ်ဦးသာ ရှိတယ်လို့ သိရပါတယ်။