အီရတ်နိုင်ငံ ကော်ဖီဆိုင်တခုတွင် အသေခံဗုံးခွဲ၊ ၃၈ ဦးခန့် သေဆုံး

1.5K
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့က ကော်ဖီဆိုင်တခုမှာ အောက်တိုဘာ ၂၁ ရက်နေ့က အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၈ ဦးလောက် သေဆုံးသွားပြီး ဒဏ်ရာရသူ အနည်းဆုံး လူ ၄၂ ဦး ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အခုဗုံးပေါက်ကွဲတဲ့နေရာဟာ ဘဂ္ဂဒက်မြို့ရဲ့ အဓိကကျနေတဲ့ ရှီအိုက်မီအရပ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အီရတ်ရဲတပ်ဖွဲ့ကတော့ လူစည်းကားနေတဲ့ ကော်ဖီဆိုင်ကို ကားဝင်ရောက်ခဲ့ပြီး ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။
အခုချိန်အထိတော့ ဘယ်အဖွဲ့ရဲ့လက်ချက် ဖြစ်တယ်ဆိုတာကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။
အခု တိုက်ခိုက်မှုနောက်ကွယ်မှာ ဆွန်နီသူပုန်တွေ ပက်သက်နိုင်တယ်ဆိုပြီး ပြောဆိုတာတွေလည်း ရှိနေပါတယ်။ အိရတ်နိုင်ငံမှာ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူဦးရေဟာ တဖြည်းဖြည်းတိုးလာနေပြီး ဒီနှစ်ထဲမှာ လူပေါင်း ၆ ထောင်ကျော်ဟာ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် သေဆုံးခဲ့ရပါတယ်။
စစ်သွေးကြွတွေဟာ လူစည်ကားရာနေရာတွေ ဖြစ်တဲ့ ကော်ဖီဆိုင်၊ ဈေး၊ ဗလီတွေနဲ့ အခြားနေရာတွေကို မကြာခဏဆိုသလို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။