စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်တွင် မတ်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်း အကြမ်းဖက်လက်နက်ကိုင် ရဲနဲ့စစ်တပ်တို့ကနေ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် အသက် ၂၅ နှစ်အရွယ် ချင်းအမျိုးသားတစ်ဦး သေနတ်ထိမှန် သေဆုံးသွားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
သေဆုံးသူက တောင်ဇလပ်ရပ်ကွက်မှာ နေထိုင်သူ ချင်းအမျိုးသား ဆလိုင်းကျုံးလျန်ကျဲအိုလို့ သိရပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
နောက်ထပ် သေနတ်ထိမှန်သူတွေလည်း ရှိနေပြီး အခြေအနေအသေးစိတ်တော့ မသိရသေးပါဘူး။ ကလေးမြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ကျဆုံးသူ နှစ်ဦးရှိပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ - Facebook