ဟိုတယ်များကို လုံခြုံရေးသင်တန်းပေးပြီ
DVB
·
October 21, 2013
ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဟိုတယ်တွေကို ၁ ပတ်တာ ကြာမြင့်မယ့် လုံခြုံရေးသင်တန်းပေးနေပြီလို့ ယုဇနဂါးဒင်းဟိုတယ် တာဝန်ရှိသူက ပြောပါတယ်။
ဒဂုံမြို့နယ် ယုဇနဂါးဒင်းဟိုတယ်မှာ လုပ်မယ့် ဒီသင်တန်းကို ဟိုတယ်တခုစီကနေ ၀န်ထမ်း ၂ ယောက် တက်ရောက်ခွင့်ရမှာဖြစ်ပြီး သင်တန်းကာလကတော့ အောက်တိုဘာ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန် ကုန်သည်ကြီးများ ဟိုတယ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပြီး အမေရိကန်နိုင်ငံသူတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နိုင်ငံတကာရဲ့ အာရုံစိုက်မှု ရှိခဲ့ပါတယ်။
ဒီအတွက် နောက်နောင် ဒီလို ပြဿနာမျိုး မကြုံတွေ့ရအောင် သင်တန်းမှာ ကြိုတင်ကာကွယ်မှုတွေကို အဓိကထား ပို့ချသွားမယ်လို့ သိရပါတယ်။