မော်လမြိုင်မြို့ပေါ် ရပ်ကွက်အများစုမှာ မတ်လ ၁၆ ရက်နေ့ ညပိုင်းမှာ ညသပိတ်ပြုလုပ်ပြီး အာဏာသိမ်း စစ်အစိုးရကို ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
မော်လမြိုင်မှာတော့ အာဏာသိမ်း စစ်အုပ်စုရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် လမ်းပေါ်ထွက် ဆန္ဒပြမှုတွေထက် ပြောက်ကျားစနစ်နဲ့ ဆန္ဒဖော်ထုတ်မှုတွေ ပိုပြီး လုပ်ဆောင်လာခဲ့ပါတယ်။
ဒါအပြင် ညပိုင်းတွေမှာတော့ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေအတွက် ဆုတောင်းပေးတာ ၊ တေးသီချင်းနဲ့ ဂုဏ်ပြုတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
မော်လမြိုင်မှာတော့ အာဏာသိမ်း စစ်အစိုးရဟာ ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်လို့ မရအောင် လုံခြုံရေးတွေ ထပ်မံ တိုးမြှင့်တာတွေ လုပ်ဆောင်လာခဲ့ပါတယ်။