ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၁၇ ရက်နေ့ မနက်အစောပိုင်းက စစ်တပ်နဲ့ ရဲ မလာနိုင်အောင် အာရုံဦးသပိတ်ပြုလုပ်ပြီး စစ်အာဏာရှင် ကို ဆက်လက်ဆန္ဒပြတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရဲနဲ့စစ်တပ် လာရောက်မဖြိုခွဲနိုင်အောင် နွေဦးတော်လှန်ရေးသပိတ်စစ် ကြောင်းက အမှတ် ၆ ရပ်ကွက်က ကုလားကုန်းစျေးဝန်းကျင်မှာ လှည့်လည်ဆန္ဒပြခဲ့တာဖြစ်ပြီး စျေးလာဝယ်သူတွေလည်း ပါဝင်ဆန္ဒပြခဲ့ တယ်လို့ ပါဝင်ခဲ့သူ ၁ ဦးက DVB ကိုပြောပါတယ်။
ညပိုင်းမှာ ရပ်ကွက်တွေထဲ ဖရောင်းတိုင်မီးထွန်းပြီး ညသပိတ်ပြုလုပ်ဆန္ဒပြသလို နေ့လယ်ပိုင်းမှာလည်း မြို့ပေါ်လူစည်ကားတဲ့ နေရာတွေမှာ ပျောက်ကြားစနစ်နဲ့ စစ်ကြောင်းခွဲကာ ဆန္ဒပြတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ ပြုလုပ်လာခဲ့တာ ၃၉ ရက်မြောက်နေ့ရှိပြီလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ရက်ပေါင်း ၃၉ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ပစ်လူစုခွဲတာကို ခံရတာ ၆ ကြိမ်ရှိပြီး သေဆုံးသူ ၂ ဦးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ - CJ