ပြင်ဦးလွင်မြို့ ညသပိတ် ဖြိုခွင်းခံရ၊ ဆန္ဒပြသူ ၆ ဦး ဖမ်းဆီးခံရ
DVB
·
March 17, 2021
ပြင်ဦးလွင်မြို့မှာ မတ်လ ၁၆ ရက်နေ့ညက လမ်းလျှောက် ညသပိတ် ပြုလုပ်နေစဉ် စစ်ကား ၃ စီး နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး သေနတ်ဖောက်ကာ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
လူစုခွဲနေတဲ့ အချိန် လာရောက်ဖြိုခွင်းခံခဲ့ရတာဖြစ်ပြီး တစ်ဦးထဲ ရာဘာကျည် ၈ ချက် ထိမှန်ခဲ့ကာ ၆ ဦး ဖမ်းဆီးခံလိုက်ရတယ် လို့ ဒေသခံတွေဆီက သိရပါတယ်။