တောင်တွင်းကြီးမြို့ရှိ နေအိမ် ၁ အိမ်ကို စစ်တပ်နှင့်ရဲ ဝင်ရောက်ဖျက်ဆီး
DVB
·
March 16, 2021
တောင်တွင်းကြီးမြို့၊ မောင်းတိုင် ၂ ရပ်ကွက်က အိမ်တစ်အိမ်ကို မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက စစ်တပ်နဲ့ရဲက ဝင်ရောက်ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ထဲကပစ္စည်းတွေကိုလည်း စစ်ကားနဲ့တင်ပြီး ယူဆောင်သွားကြပြီး အိမ်ပိုင်ရှင်မရှိဘဲ ဘာဖြစ်လို့ အခုလို ဖျက်ဆီးသွားတာလည်းဆိုတာတော့ မသိဘူးလို့ အိမ်နီးနားချင်းတွေက ပြောပါတယ်။
အိမ်အတွင်းထားခဲ့တဲ့ အိမ်ထောင်စုစာရင်းစာရွက်တွေ၊ မှတ်ပုံတင်တွေ၊ ရွှေထည်ပစ္စည်း အချို့နဲ့ ငွေသား ၉ သိန်းကျော်လည်း ပျောက်ဆုံးနေကြောင်း အိမ်ရှင်မိသားစုများက ပြောပါတယ်။