Monday, June 5, 2023
HomeLead Storyကောလင်းမြို့တွင် ပြည်သူ ၁ ဦးသေနတ်မှန်သေဆုံးပြီးနောက် အခြေအနေတင်းမာနေ

ကောလင်းမြို့တွင် ပြည်သူ ၁ ဦးသေနတ်မှန်သေဆုံးပြီးနောက် အခြေအနေတင်းမာနေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် မတ်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းက ရဲကနေ အကြမ်းဖက် ပစ်ခတ်ခဲ့လို့ ပြည်သူတစ်ယောက် သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။ ဒီအတွက် ပြည်သူတွေက ရဲစခန်းကို သွားရောက်ကာ ဝိုင်းဝန်းပိတ်ဆို့မှုတွေရှိနေပြီး အခြေအနေတင်းမာမှုတွေ ဖြစ်ပေါ်နေ တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုညနေ ၄ နာရီခွဲအထိတော့ ဝိုင်းဝန်းပိတ်ဆို့ထားတယ်။ အထဲကလည်း နားလိုက် ပစ်လိုက်ပဲ။ ဝန်းသိုတပ်ကလည်း ကား ၅ စီးနဲ့ လာနေတယ်ပြောတယ်။ အခြေအနေကတော့ တင်းမာနေတယ်။ အတားအဆီးတချို့လည်း မီးလောင်နေတာတွေ့ရတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကောလင်းမြို့နယ်က ခံသာရဲစခန်းငယ်တစ်ခုကိုလည်း ဒေသခံတွေက သိမ်းပိုက် လိုက်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အခုလို ရဲစခန်းငယ်တစ်ခုကို ဒေသခံဝင်ရောက်သိမ်းပိုက်တာက ဆန္ဒပြပြည်သူတစ်ဦးကို အဲဒီစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်က ပစ်သတ်ခဲ့တဲ့အတွက် အခုလို ပြန်လည်သိမ်းပိုက်ကြတာလို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။ 

မနက်ပိုင်းက စစ်ကောင်စီဒလံတစ်ဦးကို ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးပြီး ခေါင်းရိတ်နေတုန်း ရဲက လာပစ်တဲ့အတွက် ကိုကျော်မင်းထွန်း ဆိုသူတစ်ဦး သေဆုံးခဲ့ပါသေးတယ်။

လက်ရှိအချိန်အထိ ကောလင်းမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်နေတဲ့ ပြည်သူတွေနဲ့ လက်နက်ကိုင် စစ်တပ်နှင့် ရဲတို့အကြား တင်းမာမှုတွေရှိနေပြီး နောက်ဆက်တွဲ အခြေအနေတွေကိုတော့ ဒီဗွီဘီက စုံစမ်းနေဆဲဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular