မန္တလေးမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးကို မနက်ဖြန် မတ်လ ၁၇ ရက်နေ့မှာ ပြန်ဖွင့်ပြီဆိုပြီး ဆိုင်းဘုတ်တင်တာကို ရဲတပ်ဖွဲ့က ဒီနေ့ မတ်လ ၁၆ ရက်နေ့က လုပ်ဆောင်ခဲ့ပါတယ်။
ဒီလို ဆေးရုံပြန်ဖွင့်မယ်လို့ ဆိုင်းဘုတ်ထောင်နေပေမယ့် ကျန်းမာရေးဝန်ထမ်း တော်တော်များများကတော့ ရုံးတက်မှာမဟုတ်ဘူးလို့ ပြောဆိုတာတွေရှိပါတယ်။
ဒါ့အပြင် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ တာဝန်ပြန်ထမ်းဆောင်မယ့် ကျန်းမာရေးဝန်ထမ်းတွေကို ကြိုဆိုပါတယ်ဆိုပြီးတော့လည်း ဘုတ်ထောင်ထားပါတယ်။
စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်း တော်တော်များများ CDM လုပ်ကြတာကြောင့် ဆေးကုသမှုဟာ ရပ်ဆိုင်းထားတဲ့ အခြေအနေဖြစ်ပါတယ်။