မှတ်ပုံတင်မထားသည့် မြေဩဇာ ၂၅ မျိုး စာရင်းထုတ်ပြန်

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနလက်အောက်က မြေဩဇာကော်မတီဟာ သူတို့ဆီမှာ မှတ်ပုံတင်ခြင်းမရှိပဲ ဈေးကွက်ထဲ ရောင်းချနေတဲ့ မြေဩဇာ ၂၅ မျိုးရဲ့ စာရင်းကို မနေ့က ကြေညာလိုက်ပါတယ်။ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အတွင်းမှာ ရောင်းချနေတဲ့ ထိုင်းနဲ့ တရုတ်နိုင်ငံက ၀င်ရောက်လာတဲ့ အဲဒ်ီမြေဩဇာတွေဟာ ကော်မတီမှာ မှတ်ပုံတင် မထားတဲ့အတွက် အရည်အသွေးနဲ့ စံချိန်စံညွှန်းကို အာမ မခံနိုင်ဘူးလို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။ ဒီအတွက် အဲဒီ မြေဩဇာတွေကို သုံးစွဲရင် သီးနှံအထွက်နှုန်း ထိခိုက်နိုင်တယ်၊ စီးပွားရေး တွက်ခြေမကိုက်ဘဲ ဆုံးရှုံးနိုင်တယ်၊ ဒါကြောင့် ကော်မတီမှာ မှတ်ပုံတင်ထားတာတွေကိုပဲ သုံးစွဲ သင့်တယ်လို့ တိုက်တွန်းထားပါတယ်။ ကော်မတီမှာ မှတ်ပုံတင်မထားတဲ့ မြေဩဇာတွေကို ထုတ်လုပ်၊ ဖြန့်ဖြူးခြင်းနဲ့ ရောင်းချခဲ့ရင် မြေဩဇာဥပဒေ ပုဒ်မ ၃၁၊ ၃၂၊ ၃၃၊ ၃၄နဲ့ ၃၅ အရ အရေးယူခံရမယ်လို့လည်း သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up