စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့မှာ ဒီနေ့ မတ်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ရဲနဲ့ စစ်တပ်က အကြမ်းဖက် ဖြိုခွင်းတဲ့အတွက် အမျိုးသားတစ်ဦးကျဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကောလင်းမြို့နယ်၊ မင်းကုန်းကျေးရွာက ကိုကျော်မင်းထွန်းကတော့ ကျည်အစစ်မှန်လို့ သေဆုံးသွားပြီ။ ဖြစ်စဥ်ကတော့ ဒလန်တစ်ယောက်ကို ဆန္ဒပြပြည်သူတွေက ဝိုင်းရာကနေ ဖြိုခွင်းခံရတာ"လို့ ကောလင်းမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အခု သေဆုံးမှုက စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရင်း ၁၂ ဦးမြောက် သေဆုံးသူလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က မုံရွာပင်မသပိတ်စစ်ကြောင်းကို လက်နက်ကိုင်ထားကြတဲ့ စစ်တပ်နဲ့ ရဲတွေက ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွင်းခံတဲ့အတွက် လူ ၉ ဦး သေဆုံးခဲ့ရသလို ကလေးမြို့မှာလည်း အကြမ်းဖက်ခံရလို့ တစ်ဦးသေဆုံးခဲ့ပြီး မနေ့ကလည်း မုံရွာမှာ တစ်ဦးသေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါသေးတယ်။
ဓာတ်ပုံ - ဇေယျာတိုင်းမ်