မော်လမြိုင်မြို့တွင် မီးလောင်
DVB
·
October 21, 2013
မော်လမြိုင်မြို့နယ် ရွှေတောင်ရပ်ကွက် အမှတ်လေး တံတားထိတ်နားမှာ မီးလောင်နေပြီး မြန်မာစံတော်ချိန် မနက် ၁၁ နာရီ မေးမြန်းချက်အရ အိမ် ၃ လုံး မီးလောင်ကျွမ်းသွားတယ်လို့ မော်လမြိုင် ပြည်နယ်မီးသတ်ဦးစီးဌာနခွဲတခုဖြစ်တဲ့ မောင်ငံရပ်ကွက် စခန်း ၂ ရဲ့ တပ်ကြပ် နိုင်နိုင်ဇော်က ပြောပါတယ်။
[caption id="attachment_45183" align="alignleft" width="300" caption="ဓာတ်ပုံ - မော်လမြိုင် ဖေ့ဘုတ်"][/caption]
“အိမ်သုံးလုံး ကုန်သွားပါပြီ။ ဒီမနက် ၉ နာရီ ၄၅ မိနစ်က စလောင်တာပါ။ အခုချိန်ထိ မီးညွှန့်က မကျိုးသေးဘူး၊ ငြှိမ်းနေတုန်းပဲ။ မီးသတ်ကားက မော်လမြိုင်က အားလုံး ၁၀ စီး။ နယ်က ကားတွေလည်း လာတယ်။”
မော်လမြိုင် ပြည်နယ်မီးသတ်ဦးစီးဌာနကို မနက် ၁၁ နာရီခွဲ မေးမြန်းရာမှာ တာဝန်ရှိသူတဦးက အခုလက်ရှိ မီးထိန်းနိုင်ပြီဖြစ်ကြောင်းနဲ့ အပျက်အစီး အခြေအနေကိုတော့ အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။
အပြည့်အစုံ နားဆင်ရန်