မိုးကုတ်မြို့ ရပ်ကွက်ထဲအထိ ကျည်အစစ်နှင့် ဝင်ပစ်သဖြင့် ထိခိုက်ဒဏ်ရာရသူရှိ
DVB
·
March 16, 2021
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ မတ်လ ၁၅ရက်နေ့ည ၈နာရီဝန်းကျင်က ရဲတွေဟာ ရပ်ကွက်ထဲထိဝင်လာပြီး စက်သေနတ်နဲ့အ ချက်ပေါင်းများစွာ အိမ်ထဲတွေပါပစ်တာကြောင့် ခြေမျက်စိကို ကျည်ထိမှန်ဒဏ်ရာရသူရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ရပ်ကွက်အတွင်း ခုလိုဝင်ရောက်ပြီး ပြင်းထန်စွာ ရိုက်နှက်မှုကြောင့် ဒဏ်ရာရ သူတစ်ဦးဟာ စိုးရိမ်ရတဲ့အနေအထားရှိနေတယ်လို့ သိရပါတယ်။
မိုးကုတ်မှာလူစိမ်းဝင်ပြီး မီးကွင်းပစ်တာကြောင့် ပြည်သူတွေကလိုက်လံရှာဖွေတဲအခါ ရဲဝတ်စုံကိုတွေ့ခဲ့ရတယ်လို့သိရပါတယ်။