မတ်လ ၁၅ ရက် မနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒပြသပိတ်စစ်ကြောင်းကို ရဲနဲ့တပ်က အင်အားသုံးလိုက်လံဖြိုခွင်းနေတဲ့ကြားက G-Z လူငယ်တွေဟာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဆန္ဒပြခဲ့ပါတယ်။
စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က လိုက်လံဖမ်းဆီးတာတွေ မျက်ရည်ယိုဗုံး၊ ရာဘာကျည်နဲ့ အင်အားသုံး အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းတာတွေ ရှိနေတဲ့ကြားက ဆန္ဒပြသူတွေဟာ ထိပ်တိုက်တွေဆုံတာတွေကို မပြုလုပ်ပဲ ကြွေးကြော်သံတွေနဲ့အတူ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့တာပါ။
စစ်ကောင်စီရဲ့ ရဲနဲ့ တပ်တွေက လူ ၅ဦးနဲ့အထက် မစုဝေးဖို့ လှည့်လည်သတိပေးတာတွေရှိပေမယ့် ဒေသခံတိုင်းရင်းသား G-Z လူငယ်တွေက မြို့မဈေးရှေ့၊ ပြည်ထောင်စုလမ်းမပေါ်မှာ လူအင်အား ၂၀၀ ခန့်က ဆန္ဒပြခဲတာပါ။
"ဆန္ဒပြနေတဲ့ လူငယ်တွေကို က အင်အားသုံးလိုက်လံဖြိုခွင်းတာကို ထိတ်တိုက်တွေ့ဆုံတာမျိုးမလုပ်ဘဲ ရှောင်ကွင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်"လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ G-Z လူငယ်တစ်ဦးက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ G-Z လူငယ်တချို့ဟာ မုခ်ဦးကုန်းမှာ Responsibility to Protest (R2P) အလိုရှိကြောင်းအပါအဝင် ဒီမိုကရေစီရရှိရေး၊ ပြည်သူ့အာဏာပြည်သူ့ပြန်ပေး၊ စစ်အာာရှင်ကျဆုံးရေး၊ စစ်အာဏာရှင်စနစ် အလိုမရှိစတဲ့ စာတန်းပါစာလုံးတွေနဲ့ လူမဲ့သပိတ် ပြုလုပ်ခဲ့ကြပါတယ်။
ဓါတ်ပုံ - မိုင်းဘဉာဏ်(ကွတ်ခိုင်)