ဩစေၾတးလ် တောမီး အခြေအနေ ပိုဆိုးဝါး

photo by www.smh.com.au
3K
နယူ ဆော့်သ်ဝေးလ် (NSW) ရှိ ဩစတြေးလျ အရေးပေါ်ဌာနက အောက်တိုဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့က ဆိုးဝါးလှတဲ့ ရာသီဥတု အခြေအနေဟာ ဆစ်ဒနီမြို့ အနောက်ဘက် ဘလူးမောင်းတိန်း မှာ လောင်ကျွမ်းနေတဲ့ချုံပုတ် တောမီးအန္တရာယ်ကနေ အရပ်သူအရပ်သားများအား ကာကွယ်ဆောင်ရွက်နေရတာတွေကို ပိုမိုအခက်အခဲတွေ့စေပါတယ် လို့ပြောကြားသွားပါတယ်။
[caption id="attachment_45176" align="alignleft" width="300" caption="photo by www.smh.com.au"]
[/caption]
ပြည်နယ် ၀န်ကြီးချုပ် ဘယ်ရီ အိုဖာရယ်လ် က သူတို့ပိုင်တဲ့နေရာတွေကနေ ထွက်ဖို့ ဒါမှမဟုတ် ဆက်နေဖို့ကို အရေးပေါ်ဌာနညွန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သွားဖို့ မီးဘေးသင့်ဒေသက အရပ်သားတွေကို တိုက်တွန်း လိုက်ပါတယ်။
အို ဖာနယ်လ်က လာမယ့်ရက်အတွက် ရာသီဥတု ကြိုတင်ခန့်မှန်းချက်တွေနဲ့ပတ်သက်ပြီး ဒီမနက်မှာ လာတင်ပြကြ ပါတယ်။ ရာသီဥတုကတော့ အခုလိုပဲ လုံးဝကောင်းမွန်လာမှာမဟုတ်ဘူး ဆိုတာ ရှင်းရှင်းလင်းလင်းသိရပါတယ်။ ရာသီဥတုကတော့ စောစောပိုင်းက မျှော်မှန်းထားသလို ကောင်းမွန်လာဦးမှာမဟုတ်ပါ ဘူးလို့ ပြောပါတယ်။
ကျေးလက် မီးသတ်ဌာနက၊ ရပ်ရွာတွေကို ခြိမ်းခြောက်နေတဲ့ တောမီးအများအပြားအပါအ၀င် နေရာ ၆၀ ကျော်မှာ တောမီးတွေလောင်နေပါတယ် လို့ပြောပါတယ်။
လွန်ခဲ့တဲ့အပတ် ကြသပတေးနေ့က တောမီး စတင်လောင်ကျွမ်းကတည်းက အိမ်ခြေ ၂၀၀ ကျော် ဆုံးရှုံးသွားခဲ့ပါတယ်။
ကျေးလက်မီးသတ်ဌာနက မီးလောင်ပျက်စီးတဲ့အိမ်ခြေဟာ တိုးလာဦးမှာဖြစ်ပြီး အောက်တိုဘာ ၂၃ ရက် ဗုဒ္ဓဟူးနေ့အထိ အခြေအနေကတော့ ကောင်းမွန်လာဖို့ မမျှော်လင့်တဲ့အကြောင်းပြောပါတယ်။
ကျေးလက်မီးသတ်ဌာန အကြီးအကဲ ရှိန်း ဖစ်ဆင်မွန်ကတော့ ကြိုတင်ခန့်မှန်းချက် ဇယားတွေအရ လူဦးရေထူထပ်တဲ့ ဒေသတွေကို ထူးထူးခြားခြားသက်ရောက် စေလိမ့်မယ်။ ဒီခန့်မှန်းချက်တွေ အတိုင်း ဖြစ်လာရင် ကျနော်တို့ စဉ်းစားထားချက်အတိုင်း မီးဘေးဆိုင်ရာ လုပ်ငန်းတွေလုပ်ဆောင်ရပါလိမ့်မယ်။ ကျွန်တော်တို့ဟာ အကောင်းဆုံးကိုရော၊ အဆိုးဆုံးကိုပါ ကြည့်ရှုနေကြရတယ်။ ရှေ့အလားအလာက ဘာဖြစ်မလဲဆိုတာ အရေးမကြီးပါဘူး။ ဒီတစ်ပတ်လုံး ဘလူးမောင်းတိန်းနဲ့ ဟော့စ်ဗျူရီ ဒေသကရပ်ရွာတွေအားလုံးမှာ ထူးထူးခြားခြားများပြားလှတဲ့ မီးဘေးဆိုင်ရာလုပ်ငန်းတွေကို လုပ်သွားရမှာပါပဲ လို့ပြောဆိုပါတယ်။
ဘလူးမောင်းတိန်း က ရပ်ရွာအများအပြားအတွက် ရွှေ့ပြောင်းဖို့အမိန့်တွေထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။
အခြားပြည်နယ်တွေက မီးသတ်သမားတွေကိုလည်း၊ ဟက်တာပေါင်းထောင်ပေါင်းများစွာလောင် ကျွမ်းနေတဲ့ မီးကြီးကိုထိန်းချုပ်ရေး အားဖြည့်တာဝန်ပေးဖို့ရှိပါတယ်။
သူကိုယ်တိုင် ကျေးလက်မီးသတ်ဌာန စေတနာ့ဝန်ထမ်းမီးသတ်သမားဖြစ်တဲ့ ၀န်ကြီးချုပ် တိုနီ အက်ဘော့က အင်အားဖြည့်ဖို့ပြောဆိုပါတယ်။
အောက်တိုဘာ ၁၈ ရက် သောကြာနေ့က ဆစ်ဒနီအနောက်ပိုင်းမှာ မြန်မြန်ဆန်ဆန် ငြိမ်းသတ် လိုက်ရတဲ့ မီးကို ရှို့မှုနဲ့ အသက် ၁၂ နှစ် နဲ့ ၁၃ နှစ် အသီးသီးရှိကြတဲ့ မိန်းကလေးနှစ်ယောက်ကို တရားစွဲဆိုတထားပါတယ်။
ဩစတြေးလျ ကာကွယ်ရေးဌာနကလည်း စစ်လက်နက်လေ့ကျင့်ခန်း တခုကြောင့် လစ်သိုဂိုမြို့အနီးမှာ မီးစတင်လောင်ခဲ့တာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။