အိန္ဒိယ၊ တရုတ် တို့ နယ်စပ်တင်းမာမှုကို သိုသိပ်ထားဖို့ရည်ရွယ် တဲ့ စာချုပ် ချုပ်ဖို့ နီးစပ်လာ

အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့်ဟာ အပြိုင်အဆိုင်ဖြစ်တဲ့ နယ်စပ်ကိစ္စနှင့်ပတ်သက်ပြီး တင်မာမှုကို ရပ်ဆိုင်းသွားရေး သဘောတူညီမှုတခု ရရှိဖို့ နီးစပ်နေကြပြီဖြစ်ပါတယ်။ ဟိမ၀န္တာတောင်တန်းတလျှောက်ရှိ သူပိုင်ကိုယ်ပိုင်အငြင်းပွားနေတဲ့ ဒေသ များနှင့် ပတ်သက်ပြီး ဆယ်စုနှစ်များစွာ သောင်မတင်ရေမကျဖြစ်နေတဲ့အခြေအနေကို ဖြေရှင်းဖို့နည်းလမ်းရှာရေး သူတို့ကြိုးစားနေကြတာပါ။ လာမယ့် အပတ် ၊ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းရဲ့တရုပ်ပြည်ခရီး မတိုင်ခင် နယ်စပ်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို အပြီးသတ်ရေးကြိုးပမ်းနေကြတာပါ။ ဒါဟာ စီးပွားရေးတိုးတက်လာနေတဲ့ နှစ်နိုင်ငံရဲ့ ရှုတ်ထွေးလှတဲ့ ဆက်ဆံရေးမှာ သေးငယ်တဲ့ခြေလှမ်းတလှမ်းလည်းဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဘက်အပြန်အလှန်မယုံကြည်မှုတွေက လည်း ကြီးမားနေတာပါ။ တရုတ်-အိန္ဒိယ ဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူ၊ တရုတ်ရေးရာလေ့လာရေးဌာန ညွန်ကြားရေးမှူး အယ်ကာ အချာယာ ကတော့ ပိုပြီးခိုင်မာလာဖို့ ယန္တားတွေလိုအပ်ပါတယ်လို့ပြောသွားပါတယ်။ ဒါဟာ ကြိုးစားအားထုတ်ဖို့နဲ့ ဖြစ်လာနိုင်စရာ ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုတွေကို လျှော့ပါးစေဖို့ ကျိုးကြောင်းဆီလျှော်တဲ့ ဆောင်ရွက်ချက်တရပ်ဖြစ်ပါတယ်။ ဒါအူ ဘက် အိုဒီ ဖြစ်ရပ်လိုမျိုး ဖြစ်သွားစေနိုင်ပါတယ်။ အန္တရာယ်က လွှတ်သွားမဲ့အခွင့် ကောင်းလည်းဖြစ်သွားနိုင်ပါတယ်။ စောစောက ယန္တယားကို ထပ်လောင်းအားဖြည့်တဲ့ နောက်ထပ်ယန္တယား ကို နှစ်ဘက်လုံးက စဉ်းစားကြတာ မှန်ပါတယ်။ တရုတ်တပ်တွေက အိန္ဒိယနယ်အတွင်းအနည်းဆုံး ၁၀ ကီလို ( ၆ မိုင် ) မှာ စခန်းတခုဆောက်ပြီးနောက်၊ မေလက ဟိမ၀န္တာ အနောက်ဘက်မှာ ၃ ပတ်ကြာ ရှေ့မတိုးနောက်မဆုတ် အနေအထားကို နှစ်ဘက်တပ်တွေက အဆုံးသတ်လိုက်ကြပါတယ်။ ဒါကြောင့် လူထုရဲ့ မကျေနပ်သံတွေထွက်လာခဲ့ပါတယ်။ တရုတ်ပြည်ကတော့ သူတို့တပ်တွေ အန္ဒိယနယ်ထဲဖြတ်သန်းဝင်ရောက်ခဲ့တယ်ဆိုတာကို ငြင်းဆိုခဲ့ပါတယ်။ ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ အငြိမ်းစားရေတပ်ဗိုလ်မှူးချုပ်ဟောင်း စီ အူဒေး ဘတ်ကားကတော့ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းရဲ့ ဘီကျင်းခရီးကို အကောင်းမြင်ပါတယ်။ အမှန်တကယ် ထိန်းချုပ်ရေး မျဉ်း ( L A C ) နဲ့ပတ်သက်လို့ရော၊ ၂ ဘက် သူပိုင်ကိုယ်ပိုင်ပြောနေတဲ့ နယ်မြေနဲ့ပတ်သက်လို့ပါ၊ သူတို့ ဘယ်လိုသဘောပေါက်တယ်ဆိုတာ အလွန်ခိုင်မာတဲ့ သဘောထားရှိပါတယ်။ ကျွန်တော် တွေ့နေရတာကတော့ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းရဲ့ ဒီ ခရီးကနေ အကောင်းဆုံးဖြစ်လာမှာကတော့ ပိုပြီးထိရောက်တဲ့ ၊ စီမံကွပ်ကွဲရေးနည်းလမ်းဖြစ်ပါတယ်။ အဲ့ဒီထဲမှာ အမှန်တက်ယ် ထိန်းချုပ်ရေးမျဉ်း မှာ နှစ်နိုင်ငံ ကင်းလှည့်ဖို့လည်း ပါဝင်ပါတယ်။ တရုတ်ဝန်ကြီးချုပ် လီခက်ကျန်ရဲ့ ပထမဆုံးပွဲဦးထွက် ခရီးစဉ်မတိုင်ခင်၊ မေလက ပစ်ခတ်မှုတွေကို ငြိမ်သွားအောင် နှစ်ဘက်လုံးက ကြိုးစားခဲ့ကြပါတယ်။ အောက်တိုဘာ ၁၈ ရက်၊ သောကြာနေ့မှာ၊ နယူဒေလီအစိုးရက နယ်စပ်အငြင်းပွားမှုနဲ့ပတ်သက်ပြီး တိုးတက်အောင်လုပ်ဖို့ ဆန္ဒရှိတာကို အချက်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဂျာသာ ဆင်းက၊ သတင်းစာရှင်းပွဲတခုမှာ၊ အိန္ဒိယနိုင်ငံ အနေနဲ့ နယ်စပ်အငြင်းပွားမှုကိုဖြေရှင်းရေး ရှေ့တိုးဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆူဂျာသာ ဆင်းက၊ ကျွန်တော်တို့နယ်စပ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းတာဟာ ကျွန်တော်တို့ ( အိန္ဒိယနဲ့တရုတ်) နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အရေးကြီးတဲ့ကိစ္စတခုဖြစ်ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး ဆက်လက် တိုးတက်မှု အခြေခံပေါ်မှာ ဒါကို ဆွေးနွေးဖို့ အရေးကြီးပါတယ်။ လို့ပြောသွားပါတယ်။ ကုန်သွယ်ရေးနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိစ္စလည်း ၀န်ကြီးချုပ် မန်မိုဟန်ဆင်း ခရီးစဉ်ရဲ့ အစီအစဉ်တွေ ထဲမှာပါဝင်ပါတယ်။ ဆူဂျာဆင်းက ၊ အထူးသဖြင့် စီးပွားရေးဆိုင်ရာ အမြန်အလှန်ဖလှယ်မှုဟာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ အရေးကြီးတဲ့ ကျောထောက် နောက်ခံ ဖြစ်လာပါတယ်။ ၂၀၁၅ ခုနှစ်မှာ နှစ်ဘက်အပြန်အလှန်ကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ဘိုး အထိ နှစ်ဘက်လုံးရဲ့ရည်မှန်းချက်ကိုရောက်ရှိအောင် ရည်ရွယ်ထားကြပါတယ်။ ကုန်သွယ်ရေးစီးဆင်းမှု မျှတအောင်လည်း ကြိုးပမ်းနေကြပါတယ်လို့ပြောဆိုပါတယ်။ တရုတ်နဲ့အိန္ဒိယ နှစ်နိုင်ငံတို့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများအုပ်စုဖြစ်တဲ့ BRICS ရဲ့အဖွဲ့ဝင်နိုင်ငံတွေဖြစ်ပြီး စီးပွားရေးဆက်ဆံမှုမှာ ပိုပြီးနီးနီးကပ်ကပ်ရှိနေကြပေမယ့် ၁၉၆၂ ခုနှစ်က တိုတောင်းတဲ့ နယ်စပ်စစ်ပွဲ ဖြစ်ခဲ့ပြီးနောက် တဘက်နဲ့တဘက် သံသယ တွေနဲ့ ကြည့်နေကြတာတော့ကြာပါပြီ။ ကုန်သွယ်ရေး မညီမျှမှုမှာ တရုတ်ပြည်ဘက်က တဖက်သတ်အသာစည်းရရှိနေတာဟာလည်း အိန္ဒိယ မူဝါဒချမှတ်သူ တွေအတွက် အဓိက ရတက်မအေးစရာကိစ္စတခုဖြစ်ပါတယ်။ ဖက်ဒရယ် အမတ်နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ယပ်ဝန် ဆင်းဟာ က ၊ အိန္ဒိယ ၀န်ကြီးချုပ်ရဲ့ လာမယ့် ဘေကျင်းခရီးစဉ် က နှစ်နိုင်ငံကုန်သွယ်ရေးကို အားတက်စရာတခု ရသင့်ပါတယ်။ ဆိုင်းငံ့ထားတဲ့ ထိလွယ်ရှလွယ် ပြဿနာ တွေကိုလည်း ဖြေရှင်းဖို့ ဆန္ဒရှိပါတယ်။ သူက ဒါဟာ အိန္ဒိယကို ယုံကြည်မှုရရှိစေဖို့ တရုတ်အနေနဲ့ မှန်မှန်ကန်ကန်မြင်ဖို့ ဖို့ပါတယ်လို့ ပြောပါတယ်။ ဆင်ဟာ က၊ တရုတ်နဲ့ကုန်သွယ်ရာမှာ မညီမျှမှုဟာကြီးကြီးမားမားရှိနေတယ်။ ဒါကြောင့် ဒီပြဿနာတွေအားလုံးကို တရုတ်ပြည်နဲ့ တတ်နိုင်သမျှ ခိုင်ခိုင်မာမာ၊ ပြင်းပြင်းထန်ထန် ဆွေးနွေးဖြေရှင်းရမှာဖြစ်တယ်။ ဒါပေမယ့် တရုတ်ပြည်အနေနဲ့ သံသယ စိတ်မထားသင့်ပါဘူး။ ဘယ်သူကမှ တရုတ်ပြည်နဲ့စစ်ဖြစ်ဖို့ ထောက်ခံမှာမဟုတ်ပါဘူး။ ဒါပေမယ် ဒီလုပ်မျိုး အိန္ဒိယ က လုပ်မှာမဟုတ်ဆိုတဲ့ သံသယမျိုးလည်းမရှိပဲ မနေသင့်ပါဘူးလို့ ရိုက်တာသတင်းဌာန ကိုပြောသွားပါတယ်။ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှု ၀န်ကြီးဌာနက အချက်အလက်အရ၊ ၂၀၁၂-၂၀၁၃ ခုနှစ်မှာ တရုတ်နဲ့ကုန်သွယ်ရာမှာ ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၇၈ ဘီလျံ နဲ့စံချိန်တင်ထားပါတယ်။ ၂၀၁၁-၂၀၁၂ မှာ ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၄ ဘီလျံ၊ နဲ့ ၂၀၁၀-၂၀၁၁ မှာ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၉၅ ဘီလျံ လိုငွေ ပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up