မန္တလေးတိုင်း သာစည်မြို့မှာ မတ်လ ၁၅ ရက် မနက်က ကင်းထောက်တွေ၊ ဒိုင်းကာတွေနဲ့ အတားအဆီးတွေကို ရှောင်ကွင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတယ် လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။
“ရဲတွေစစ်တပ်တွေ ရှိနေတဲ့နေရာကို ရှောင်ကွင်းပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်တယ်။ မတတ်သာလို့ ထိပ်တိုက်တွေ့ရင်လည်း GZတွေက ဒိုင်းကာတွေနဲ့ ရှေ့က နေပေးတယ်" လို့ DVBကို ပြောပါတယ်။
သာစည်မြို့မှာ မတ်လ ၉ ရက်နေ့ညကဆန္ဒပြသူတွေကို သေနတ်ဖြင့် ပစ်ခတ်တာကြောင့် အမျိုးသားတစ်ဦး ထိမှန်ခဲ့ပါတယ် ဆေးကုသမှူခံယူပြီး စိုးရိမ်စရာမရှိဖူးလို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၇ရက်နေ့က ဒီနေ့အထိ နေ့တိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့တာ ၃၆ ရက်ရှိခဲ့ပါပြီ။