Home
မြန်မာသတင်း
ပုသိမ်တွင် ရဲနှင့် စစ်တပ် ပစ်သတ်သဖြင့် ကျဆုံးသူ ၂ ဦး၏ ဈာပနကို မနက်ဖြန် ကျင်းပမည်
DVB
·
March 15, 2021

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၁၄ ရက်နေ့ ညပိုင်းက အမှတ် ၁၄ ရပ်ကွက်က ညသပိတ်ကို ရဲနဲ့စစ်တပ်က ကျည်အစစ်နဲ့ဖြိုခွင်းခဲ့လို့ ကျဆုံးသူ ၃ ဦးရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကျဆုံးခဲ့သူ ၃ ဦးထဲမှာ ဘုရားကြီးကို ကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် ထိုက်ထိုက်(ခ) သက်မင်းထိုက်နဲ့ အမှတ် ၁၄ ရပ်ကွက်နေ အသက် ၁၇ နှစ်အရွယ် ဟိန်းထက်အောင်(ခ) ကိုအူဝဲတို့ဖြစ်ပြီး နောက် ၁ ဦးကတော့ ရှာဖွေနေဆဲဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

စစ်တပ်နဲ့ ရဲက ကျည်အစစ်နဲ့ပစ်လိုသေဆုံးခဲ့တဲ့ အသက် ၃၉ နှစ်အရွယ် ထိုက်ထိုက် (ခ) သက်မင်းထိုက်ဟာ ပြည်သူတွေအတွက် လုံခြုံရေးစောင့်ပေးနေရင်း ပစ်ခတ်ခံရလို့ ပေါင်မှာကျည်ထိမှန်ပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ရတာပါ။

အသက် ၁၇ နှစ်အရွယ် ဟိန်းထက်အောင်(ခ)ကိုအူဝဲကတော့ ညသပိတ်ဖြိုခွင်းခံရစဥ် ဖမ်းဆီးခံရတဲ့ ဖခင်ဖြစ်သူကို လိုက်ဆွဲရင်း ရဲနဲ့ စစ်တပ်က သေနတ်နဲ့ပစ်ခတ်လို့ လက်မောင်းကျည်မှန်ပြီး သေဆုံးခဲ့ ရတာဖြစ်တယ်လို့ သိရပါတယ်။

ရဲနဲ့ စစ်တပ် ကျည်အစစ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃ ဦးနဲ့ အပြင်းအထန်ဒဏ်ရာရသူ ၇ ဦးရှိခဲ့ပေမယ့် ဆေးကုသဖို့အတွက်သွားရမယ့် လမ်းတွေကို ရဲနဲ့စစ်တပ်က ပိတ်ဆို့ထားတဲ့အတွက် ခုလို့ သွေးထွက်လွန်သေရတာဖြစ်တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024