မိုးကုတ်တွင် လူနေရပ်ကွက်များထဲအထိ ဝင်ရောက်ပြီး လိုက်လံဖမ်းဆီး
DVB
·
March 15, 2021
မန္တလေးတိုင်း မိုးကုတ်မြို့မှာ စစ်တပ်နဲ့ ရဲတွေဟာ ဆန္ဒပြမှုတွေမရှိတဲ့ လူနေရပ်ကွက်တွေထဲ အထိ ဝင်ရောက်ပြီး အကြမ်းဖက်မှုတွေ လိုက်လံဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ရပ်ကွက်အတွင်း လိုက်လံပြီး သေနတ်ပစ်ဖောက်တာတွေ လေးဂွနဲ့လိုက်ပစ်တာတွေ အပြင် ရပ်ကွက်အတွင်း ရပ်ထားတဲ့ဆိုင်ကယ်တွေကိုပါ လုယက်ယူငင်နေကြတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြသူတွေကတော့ လူစုသပိတ်စစ်ကြောင်းတွေမလုပ်တော့ပဲ ပြောက်ကျားစနစ်နဲ့ ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။