ဧရာဝတီတိုင်း ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မတ်လ ၁၄ ရက်နေ့ညပိုင်းက ရပ်ကွက်တွေထဲထိ ကျည်အစစ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့လို့ ၃ ဦးထက်မနည်းသေဆုံးခဲ့ပေမယ့် စျေးဝယ်သပိတ်ကို ဆက်လက်ပြုလုပ်နေပါတယ်။
ပုသိမ်မြို့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ညသပိတ်ကို ကျည်အစစ်နဲ့ ဖြိုခွင်းခံရလို့ လူသေဆုံးမှုတွေအပြီးမှာ စျေးဝယ်သပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြတာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ ပြုလုပ်လာခဲ့တာ ၃၇ ရက်မြောက်နေ့ရှိပြီလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ရက်ပေါင်း ၃၇ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ပစ်လူစုခွဲတာကို ခံရတာ ၆ ကြိမ်ရှိပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။