ပဲခူးမြို့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးရိုက်နှက်တာတွေ ရှိနေပေမဲ့ ဆန္ဒပြပြည်သူတွေက စစ်အာဏာရှင်စနစ် ပြုတ်ကျရေး ဒီနေ့ မနက်ပိုင်းမှာ ဆက်လက်ဆန္ဒပြနေကြပါတယ်။
ပဲခူးမြို့မှာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး မတ်လ ၁၅ ရက်နေ့အထိ ၆ ဦး ကျဆုံးခဲ့ရသလို ဖမ်းဆီးခံရသူတွေလည်း အမြောက်အများရှိနေပါတယ်။
ဒီကနေ့မှာဆိုရင်လည်း ဗကသ တကသ ကျောင်းသူ/ကျောင်းသားတွေ CDM ဝန်ထမ်းတွေ အရပ်ဖက်အဖွဲ့အစည်းတွေပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ ဆံတော်တွင်း လမ်းမပေါ်မှာ ထိုင်သပိတ်ပြုလုပ်ကာ ရပ်ကွက်အတွင်း လှည့်လည်ဆန္ဒထုတ်ဖော်ကြပါတယ်။
အဲဒီနောက် ဆိုရှယ်လစ်လမ်းမှာ ထိုင်သပိတ်ထပ်မံပြုလုပ်ပြီးနောက် လူစုခွဲခဲ့ကြတယ်လို့ ကျောင်းသား ၁ ဦးက ပြောပါတယ်။