Home
မြန်မာသတင်း
ပဲခူးမြို့တွင် မတ်လ ၁၄ ရက်နေ့က ဦးခေါင်းကျည်ထိမှန်သည့် အမျိုးသား ၁ ဦး ထပ်မံကျဆုံး
DVB
·
March 15, 2021

မတ်လ ၁၄ ရက်နေ့မနက်က ပဲခူးမြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပိတ်ဆို့ပစ်ခတ်တာကြောင့် မနက်ပိုင်းမှာ လူငယ် ၁ ဦးကျဆုံးခဲ့သလို နေ့ခင်းပိုင်းပစ်ချိန်မှာ အမျိုးသမီး ၁ ဦး ထပ်မံကျဆုံးခဲ့ပါတယ်။

မတ်လ ၁၄ ရက်နေ့ နေ့လယ်ပိုင်းလည်း ပဲခူးမြို့လိပ်ပြာကန်ဘေးက မြကန်သာ လက်ဘက်ရည်ဆိုင်ကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဝင်ရောက်ဖျက်ဆီးပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ 

လက်ဘက်ရည်ဆိုင်က စားပွဲထိုး ၁၀ ဦးကို ဖမ်းဆီးနေတာ ကြည့်နေတဲ့သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့အတွက် လက်ဘက်ရည်ဆိုဘေး ဆေးခန်းကနေ ကြည့်နေတဲ့ အမျိုးသား ၁ ဦး  ဦးခေါင်းကျည်ထိမှန်ပြီး ရန်ကုန်ကိုပို့ဆောင်ကုသစဥ် မတ်လ ၁၅ ရက်နေ့ မနက် ၂ နာရီကျော်လောက်မှာ ဆုံးသွားတယ်လို့ မြကန်သာလက်ဘက်ရည်ဆိုင်ပိုင်ရှင်က ပြောပါတယ်။

     မတ်လ ၁၄ ရက်နေ့က မြကန်သာလက်ဘက်ရည်က ဝန်ထမ်း ၁၀ ဦးအပါအဝင် ဖမ်းဆီးခံရသူ ၂၁ ဦးရှိပြီး ဖမ်းဆီးခံရသူတွေအားလုံးကို အဲဒီညမှာပဲ ပြန်လည်လွတ်မြောက်လာကြပြီး ၃ ယောက်ကတော့ ခေါင်းမှာဒဏ်ရာတွေရလာကြတယ်လို့ သိရပါတယ်။

မတ်လ ၁၄ ရက်နေ့က စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်တာကြောင့် ပြည်သူ ၃ ဦးကျဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဘက်ကလည်း ဒုရဲအုပ် ၁ ဦး သေဆုံးခဲ့သလို ၃ ဦးဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024