Live
Home
မြန်မာသတင်း
ဘားအံသပိတ်စစ်ကြောင်း အကျဉ်းထောင်ရှေ့နှင့်မြို့တွင်း ဆိုင်ကယ်ဖြင့် လှည့်လည်ဆန္ဒပြ
DVB
·
March 13, 2021

မတ်လ ၁၃ ရက် မနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး  ဆိုင်ကယ်သပိတ်စစ်ကြောင်းဟာ လိုက်လံဖမ်းဆီးနေတဲ့ကြား ဘားအံအကျဉ်းထောင်နဲ့ မြို့တွင်းရပ်ကွက်တွေမှာ အဖွဲ့နှစ်ဖွဲ့ခွဲပြီး ကြွေးကြော်သံတွေနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဘားအံမြို့ပေါ်မှာ  ဆန္ဒမ​ပြနိုင်အောင် စစ်ကောင်စီရဲ့တပ်နဲ့ရဲတွေက ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီး​နေတဲ့ကြားက စစ်အာဏာရှင် ကျဆုံးရေး၊ ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရသူတွေ ပြန်လွတ်ပေးရေး ​ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြခဲ့တာပါ။

"လိုက်လံဖမ်းဆီးနေတာတွေ ရှိတယ်။ လမ်းလျှောက်ပြီး ချီတက်ဆန္ဒပြလို အဆင်မပြေဘူး။ ဒါကြောင့် ဆိုင်ကယ်နဲ့လှည့်လည်ဆန္ဒပြတာ။ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် တော်လှန်ရေး အောင်မြင်ဖို့က အဓိက။ ရှေ့ဆက် ပုံစံအမျိုးမျိုးနဲ့ ဆန္ဒပြသွားမယ်"လို့ ဆန္ဒပြ G-Z လူငယ်တစ်ဦးက ပြောပါတယ်။

ဆန္ဒပြရာမှာ လူအင်အား ၅၀၀ ခန့်က ဆိုင်ကယ်၊ ကားတွေနဲ့ ဘားအံအကျဥ်းထောင်နဲ့ မဲ​ဘောင်ရပ်ကွက်၊ အမှတ် ၉ ၊ အမှတ် ၅ ၊ အမှတ် ၄ ရပ်ကွက် ညစျေးနဲ့ ကမ်းနားလမ်းတလျှောက် လှည့်လည်ဆန္ဒပြခဲ့တာပါ။

ကရင်ပြည်နယ်အတွင်း စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြပွဲအတွင်း ဆန္ဒပြပြည်သူ ၁၀၀ ကျော် အဖမ်းခံခဲ့ရပြီး တချို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅( က) နဲ့ တရားစွဲဆိုထားခံထားရသလို အဖမ်းခံရသူတချို့ဟာ ဒီကနေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရသူတွေလည်း ရှိနေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024